fbpx

Our Policy

School rules and Fines

  • ကျောင်းသား၊ ကျောင်းသူများ ကျောင်းချိန်အတွင်း အင်္ဂလိပ်စကားကိုသာ ပြောကြားရပါမည်။
  • ပေးအပ်လိုက်သော အိမ်စာများကို ပြီးစီးအောင် ဆောင်ရွက်ရပါမည်။
  • ကျောင်းသား၊ ကျောင်းသူများ ကျောင်းမှ သတ်မှတ်ထားသော ရက်များနှင့် အရေးကြီးရက်များတွင် Student Card နှင့် Uniform များ ဝတ်ဆင်ရပါမည်။
  • ကျောင်းသား၊ ကျောင်းသူများ၏ အသိပညာဗဟုသုတများ တိုးပွားစေရန်အတွက် Library ထားရှိပေးပြီး လွတ်လပ်စွာ ငှားရမ်းခွင့် ပြုထားပါသည်။ ပထမအကြိမ် ငှားရမ်းထားသော စာအုပ်များပြန်မအပ် ရသေးလျှင် နောက်တစ်ကြိမ် ငှားရမ်းခွင့်မရှိပါ။ ငှားရမ်းထားသောစာအုပ်များ ရေစို၊ ပျက်စီး၊ ပျောက်ဆုံးလျှင် သင်တန်းကျောင်းမှ သတ်မှတ်ထားသော နှုန်းထားများအတိုင်း ပေးလျော်ရမည်ဖြစ်ပါသည်။
  • ကျောင်းသား၊ ကျောင်းသူတိုင်း ကျောင်းခေါ်ချိန် ၈၀% ပြည့်မီရပါမည်။
  • ကျောင်းသားများ Library Card ဖြင့်သာ စာအုပ်နှင့် DVD များကို ငှားရမ်းခွင့်ပြုပါသည်။ သတ်မှတ်ပြန်အပ်ရက်တွင် ပြန်မအပ်ပါက တစ်ရက်လျှင် (၁၀၀၀/-) ကျပ်နှုန်း ဒဏ်ကြေးပေးဆောင်ရမည် ဖြစ်ပါသည်။
  • ကျောင်းသား၊ ကျောင်းသူတစ်ဦးဦးကြောင့် ကျောင်းပိုင် ပစ္စည်းများ တစ်စုံတစ်ရာ ပျက်စီး၊ ပျောက်ဆုံး ခဲ့သည်ရှိသော် သတ်မှတ်တန်ဖိုးအတိုင်း ပေးလျော်ရမည် ဖြစ်သည်။
  • စာသင်ချိန် (၁၀) မိနစ်ထက် နောက်မကျစေရပါ။
  • ကျောင်းကြိုပို့ယာဉ် စီနင်းသော ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ကျောင်းကားမရောက်မီ အဆင်သင့်ဖြစ်စေရန် မိဘအုပ်ထိန်းသူမှ တာဝန်ယူပြင်ဆင်ပေးရန် လိုအပ်ပါသည်။ အကယ်၍ ကျောင်းပျက်ကွက်ပြီး ကျောင်းကားကြိုပို့ရန် မလိုအပ်ပါက ကျောင်းသို့ အချိန်မှီ အကြောင်းကြားရပါမည်။
  • ကျောင်းသား၊ ကျောင်းသူများ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာအရ မိမိ၏ အတန်းဖော်များ၊ ဆရာ၊ ဆရာမများနှင့် ရုံးဝန်ထမ်းများကို လေးစားမှုရှိရပါမည်။
  • ကျောင်းသား၊ ကျောင်းသူအချင်းချင်း တစ်ဦးနှင့် တစ်ဦး အော်ဟစ်ဆဲဆိုခြင်း၊ ရိုက်ပုတ်ခြင်းများ၊ အခင်အမင်ပျက်စေမည့် အပြုအမူ အပြောအဆိုများ ခွင့်မပြုပါ။ အကယ်၍ ကျုးလွန်ပါက မိဘထံ အကြောင်းကြား၍ လိုအပ်သလို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
  • စာသင်ခန်းနှင့် ကျောင်းဝင်းအတွင်း ဆေးလိပ်သောက်သုံးခြင်း၊ ကွမ်းစားခြင်း၊ လက်ကိုင်ဖုန်း အသုံးပြုခြင်း၊ မြန်မာ့ယဉ်ကျေးမှုနှင့် မသင့်တော်သော အနေအထိုင်၊ အပြောအဆို အပြုအမူများ ပြုမူပြောဆိုခြင်း ခွင့်မပြုပါ။
  • အစားအသောက်နှင့် သရေစာ များကို သတ်မှတ်ထားသော နေရာများတွင်သာ စားသောက်ရပါမည်အထက်ဖော်ပြပါ သတ်မှတ်ထားသော ကျောင်းစည်းကမ်းများကို လိုက်နာခြင်း မရှိပါက ကျောင်းမှ သတ်မှတ်ထားသော ဒဏ်ကြေး (သို့မဟုတ်) ကျောင်းမှ ထုတ်ပယ်သည် အထိ ပြုလုပ်နိုင် ကြောင်း ကျောင်းသား၊ ကျောင်းသူနှင့် မိဘအုပ်ထိန်းသူများ နားလည်ရပါမည်။

Fees Payment Policy

  • မည်သည့် သင်တန်းအမျိုးအစားမဆို စတင်တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူအသစ်များအနေဖြင့် ကျောင်းလခ၊ ကျောင်းဝင်ကြေးနှင့် စာအုပ်စာတမ်းကြေး၊ ကျောင်းဝတ်စုံကြေးနှင့် (ကြိုပို့ယာဉ်စီးနင်းမည်ဆိုပါက ကျောင်းကားခ) များကို ကျောင်းစတင်အပ်နှံည့် နေ့တွင် တစ်ပါတည်း ပေးသွင်းရပါမည်။
  • Young Learner ကလေးငယ်များ၏ သင်တန်းကြေးများကို သတ်မှတ်ထားသည့် ရက်လ၏ ပထမပတ် အတွင်း ပေးသွင်းရပါမည်။
  • သတ်မှတ်ရက်သတ္တပတ်ကျော်လွန်ပါက (၁၀၀၀၀ မှ ၁၅၀၀၀ ကျပ်အထိ) ဒဏ်ကြေးအဖြစ် ပေးသွင်းရမည် ဖြစ်ပါသည်။
  • ပေးသွင်းပြီးသော သင်တန်းကြေးများကို မည်သည့် အကြောင်းတစ်စုံတစ်ရာနှင့်မျှ ပြန်လည်ထုတ်ပေးမည် မဟုတ်ပါ။
  • သင်တန်းကြေး၊ ကျောင်းကားခ စသည်များကို ကျောင်းသို့ပေးသွင်းပါက ကျောင်းမှ လက်ခံရရှိကျောင်း လက်ခံ Voucher ဖြတ်ပေးမည် ဖြစ်ပါသည်။ လက်ခံ Voucher မရရှိသော ငွေပေးသွင်း အကြောင်းအရာများ အကျုံးဝင်မည်မဟုတ်ပါ။

Enquiry Form

သင်တန်းအကြောင်း အသေးစိတ်သိရှိလိုသူများအတွက် အမည်၊ ဖုန်းနံပါတ်၊ မြို့နယ် များအား ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ပေးပါ။ Customer Service Team မှ ပြန်လည် ဆက်သွက်၍ သင်တန်းအကြောင်း အသေးစိတ်ရှင်းပြ ပေးပါမည်။